Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

ပညာရိပ်ငြိမ် ကိုယ်ပိုင်အထက်တန်းကျောင်း
၂၀၁၂ တက္ကသိုလ် ဝင်တန်း အောင်မြင်သူများကို ဂုဏ်ပြု
  • ၂၉-၇-၂၀၁၂ ရက်ကမြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးလမ်းဆုံ၊ မြို့နယ်ခန်းမ၌ ACA ပညာရိပ်ငြိမ်၏ ၂၀၁၂ ခုနှစ် တက္ကသိုလ် ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပခဲ့သည်။ ဂုဏ်ပြုပွဲတွင် သက်ဆိုင်ရာဆရာကြီးများက သြဝါဒ ချီးမြှင့်ကြပြီး ACA ကျောင်းအုပ်ကြီးဦးချိုအေးက ဆုနှင်းသဘင်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက္ကသိုလ် ဝင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဘာသာစုံဂုဏ်ထူးရှင် အပါအဝင် ဂုဏ်ထူးရှင်များအား ရွှေသားဆုနှင့် ဂုဏ်ပြုငွေသားဆုများ ACA ဆရာ၊ ဆရာမများကို ထူးချွန်စွာ သင်ကြားမှုအလိုက် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။
ပုဂ္ဂလိက‌ကျောင်းများ ‌ပေါ်‌ပေါက်လာခြင်းနှင့် ပတ်သက်၍ ပညာရိပ်ငြိမ် ‌ကျောင်းအုပ်ကြီးဆရာ ဦးချို‌အေး B.A(Eco.),D.E.P.,D.L.S.(Credit) နှင့် ‌တွေဆုံ‌မေးမြန်းခြင်း
  • မေး - ပုဂ္ဂလိက‌ ကျောင်း‌တွေ‌ပေါ်လာတာနဲ့ ပတ်သတ်ပြီးဆရာကြီးရဲ့အမြင်ကို ကျယ်ကျယ် ပြန့်ပြန့်ရှင်းပြ ‌ပေး‌စေချင်ပါတယ်။
    ‌ဖြေ - ပထမအချက်က‌တော့ ကျွန်‌တော်ပုဂ္ဂလိက ပညာ‌ရေးကိုကြိုဆိုတယ်‌ပေါ့။ ကျွန်‌တော်တို့ရဲ့ကိုယ်‌တွေ့ နဲ့ယှဉ်ပြီး ‌ပြောရရင် ကျွန်‌တော်တို့ငယ်ငယ်တုန်းက စိန်‌ပေါလ်တို့၊ စိန်ဂျွန်းတို့ဆိုတဲ့ mission school ‌တွေရှိတယ်။ private school ‌တွေရှိတယ်၊ ကုန်ကျစရိတ်များတယ်၊ ကျွန်‌တော်တို့က ဝန်ထမ်းသားသမီး ဖြစ်တယ်၊ ဆင်းရဲသားဖြစ်တယ်၊ အဲ့ဒီ‌တော့ အဲ့ဒီ‌ကျောင်း‌တွေမတက်နိုင်ဘူး၊ ကျွန်‌တော်တို့က အစိုးရ ‌ကျောင်းတက်တယ်၊ အစိုးရ‌ကျောင်းတက်‌တော့ ကိုယ်ဆရာ၊ ဆရာမပဲအားကိုးရတယ်၊ ကိုယ်ဆရာ၊ဆရာမ ‌ခြေသလုံးဖက်တာ‌ပေါ့ဗျာ၊ အဲ့ဒီအချိန်က အပြင်မှာ private school ‌တွေ mission school ‌တွေတက် တဲ့သူ‌တွေက အစိုးရ‌ကျောင်းကို ဘာမှဝင်မစွက်ဖက်ဘူး၊ သူတို့ဘာသာသူတို့ ကြိုးစားကြတာပဲ၊ အဲ့ဒီအခါ ကျ‌တော့အပြင်‌ကျောင်း‌တွေနဲ့ အစိုးရ‌ကျောင်း‌တွေနဲ့ သူတင်းကိုယ်တင်းအပြိုင်ပဲ၊ ကျွန်‌တော်တို့ High school final ‌အောင်တုန်းကဆိုသတင်းစာမှာ ‌အောင်စာရင်း‌တွေ ‌ကြော်ငြာတာ အဲ့ဒီ‌ကျောင်း‌တွေနဲ့ ကျွန်‌တော်တို့က အပြိုင်‌အောင်ကြတာပဲ၊ ကျွန်‌တော်‌ကျောင်းကခုံနံပတ်‌တွေ တန်းစီပြီး‌အောင်ခဲ့တာ၊ အဲ့ဒီ‌တော့ အခုပုဂ္ဂလိက‌ကျောင်း‌တွေပြန်‌ပေါ်လာရင် အပြင်မှာအားကိုးတဲ့ မိဘ‌တွေ၊ ‌ကျောင်းသား‌တွေ အပြင်မှာလုပ်ကြလိမ့်မယ်၊ လွပ်လပ်စွာလုပ်ပါ၊ အဲ့ဒီအခါ အစိုးရ‌ကျောင်း၊ အစိုးရဆရာ ဆရာမကိုပဲ အားကိုးမယ့် လူတန်းစားဆိုတာရှိကိုရှိတယ်၊ အုံနဲ့ကျင်းနဲ့ကိုရှိတယ်၊ သူတို့ကအစိုးရ‌ကျောင်းကို အားကိုးကြလိမ့်မယ်၊ အားကိုးကြတယ်ဆိုတာ ကျွန်‌တော်တို့ နားလည်တာက ဆရာ၊ ဆရာမကို ‌ခြေသလုံးဖက်ကြလိမ့်မယ်၊ ဆရာ၊ဆရာမကိုအားကိုးရင်လည်းဆရာ၊ဆရာမ‌တွေကethic ‌ကြောင့် အစွမ်းကုန်သင်မှာပဲ၊ အဲ့လိုသင်ရင် အစိုးရ‌ကျောင်း‌တွေမှာလည်း သင်ကြား‌ရေး‌တွေ ပြန်တက်လာမယ်၊ အပြင်မှာလည်းကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားကြမယ်ဆိုရင် ‌ရေရှည်မှာပုဂ္ဂလိက ပညာ‌ရေးသာ ‌ပေါ်လာမယ်ဆိုရင် မြန်မာပြည် ပညာ‌ရေးကတိုးတက်လာမယ်လို့ ကျွန်‌တော်မြင်တယ်။
    မေး - ပုဂ္ဂလိက ‌ကျောင်း‌တွေ‌ပေါ