Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

ပညာရိပ်ငြိမ် ကိုယ်ပိုင်အထက်တန်းကျောင်း

အမျိုးသားယဉ်‌ကျေးမှုအစ စာသင်‌ကျောင်းက

  • လူငယ်များ တစ်စုတစ်‌ဝေးရှိ‌သော စာသင်ခန်းများသည် မြန်မာယဉ်‌ကျေးမှု အ‌မွေတို့ လက်ဆင့် ကမ်းရန် ‌နေရာ‌ကောင်းဖြစ်၏။ ယဉ်‌ကျေးမှု‌ရေ‌သောက်မြစ်များ သက်ဆင်းငြိတွယ်နိုင်ရန်မှာ စာသင်‌ကျောင်းမှ စရမည်ဖြစ်ပါသည်။

  • စာ‌ရေးသူအ‌နေဖြင့် ထူးခြား‌သော စာသင်‌ကျောင်းတစ်ခုကို မ‌မျှော်လင့်ဘဲ ‌တွေ့ကြုံခဲ့ရ၏။ စာသင်‌ကျောင်းဆိုရာ၌ အစိုးရစာသင်‌ကျောင်းမဟုတ်ဘဲ ပုဂ္ဂလိကစာသင်‌ကျောင်းတစ်ခုဖြစ်၏။ ယခု‌ခေတ်အ‌ခေါ်အရ ‌ဘော်ဒါ‌ဆောင်တစ်ခုလည်းဖြစ်၏။

  • ပြင်ပ (ပုဂ္ဂလိက) စာသင်ခန်းများအ‌နေဖြင့် ဗုဒ္ဓယဉ်‌ကျေးမှုဆိုင်ရာများကို သင်ကြား‌လေ့ကျင့် လိမ့်မည်ဟု စာ‌ရေးသူအ‌နေဖြင့် မည်သည့်အခါမှ ‌မျှော်လင့်မထားမိရိုး အမှန်ပါ‌ပေ။

  • ယခုထူးထူးခြားခြား ပုဂ္ဂလိက ‌ကျောင်းတစ်‌ကျောင်းကို ‌တွေ့ရ၏။ အံ့အားသင့်ခဲ့ရ၏။

  • ‌ကျောင်း ‌ဘော်ဒါ‌ဆောင်တွင်‌နေသူ ‌ကျောင်းသူ ‌ကျောင်းသားအားလုံး ဆရာ၊ ဆရာမ၊ အ‌ဆောင်မှူးများပါ ‌နေ့စဉ် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဘုရားဝတ်တက်ရ၏။ မတက်မ‌နေရ။ ဘုရားဝတ်တက်ပြီးလျှင် ၁၅ မိနစ်မှ ၃ဝ မိနစ်အထိ ဝိပဿနာတရား အားထုတ်ရှုမှတ်ရ၏။

  • အားထုတ်ပုံနည်းကို ‌ကျောင်းအုပ်ကြီးက သင်ကြား‌ပေး၏။

  • မြန်မာယဉ်‌ကျေးမှုများ ထွန်းကားတည်တံ‌ရေးမှသည် သာသနာ‌တော်ကြီး သန့်ရှင်းတည်တံ ပြန့်ပွား‌ရေးအတွက် လူငယ်များအား ယဉ်‌ကျေးမှုအ‌မွေအနှစ်များ ‌ပေးနိုင်‌သော တို့ - နိုင်ငံ‌တော်အနှံ့အပြား ‌ပေါ်‌ပေါက်ပါ‌စေဟူ၍သာ ---
    ဥက္ကံသ (ဘဲ‌ချောင်း) ၏
    ဘာသာ၊ ယဉ်‌ကျေးမှု နှင့် လူငယ်‌ဆောင်းပါး
    ၁၉၉၆ ၊ ‌ဖေ‌ဖော်ဝါရီလထုတ်
    ဓမ္မရုပ်စုံ မဂ္ဂဇင်း (၂/၉၆) မှ ‌ကောက်နှုတ်ချက်
 

ပညာရိပ်ငြိမ်‌ဘော်ဒါ‌ဆောင်၏ ဖွဲ့စည်းပုံ

ရဲ့စေတနာ>>