Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

 
မိဘအုပ်ထိန်းသူများသို့ ပန်ကြားလွှာ
(က) အိပ်ချိန် ၊ အနားယူချိန်
  • သည် ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ချိန်၊ အနားယူချိန်များကို အထူးဦးစားပေး စီစဉ်ဆောင်ရွက်ပါသည်။ မိဘ အုပ်ထိန်းသူများအနေဖြင့် ဧည့်တွေ့ချိန် တယ်လီဖုန်းဆက်ချိန်များနှင့် ပတ်သက်၍ အောက်ဖော်ပြပါ အစီအစဉ်အတိုင်းအတိအကျကူညီဆောင်ရွက် ပေးကြပါရန် မေတ္တာရပါခံအပ်ပါသည်။
တင်္နလာ မှ စနေ - နံနက်ပိုင်း (၁၁:၃ဝ)နာရီမှ (၁၃:၃ဝ)နာရီ
ည‌နေပိုင်း (၆) နာရီ မှ (၇) နာရီ
တနင်္ဂနွေ - နံနက်ပိုင်း (၆) နာရီ မှ (၁၃:၃၀) နာရီ
ည‌နေပိုင်း (၆) နာရီ မှ (၇) နာရီ
(ခ) ပညာ‌ရေး ဝန်‌ဆောင်စရိတ် ‌ပေးသွင်းမှု
၁။ စည်းကမ်းချက် တစ်စုံတစ်ရာ ‌ဖောက်ဖျက်မှု‌ကြောင့် အ‌ဆောင်မှ ထုတ်ပယ်ခံရလျှင်‌သော် လည်း‌ကောင်း၊ မိမိသ‌ဘော ဆန္ဒအ‌လျောက် အ‌ဆောင်မှ နုတ်ထွက်လျှင်သော်လည်း‌ကောင်း ‌ပေးသွင်းထား‌သော ပညာ‌ရေးဝန်‌ဆောင်စရိတ်များကို ပြန်လည် ထုတ်‌ပေးမည် မဟုတ်ပါ။
   
၂။ ပညာ‌ရေးဝန်‌ဆောင်စရိတ်များ ‌ပေးသွင်းရာတွင် မိဘများ အခက်အခဲမရှိ၊ အဆင်‌ပြေ ‌ချော‌မွေ့ ‌စေရန် အလို့ငှာ (၅) ကြိမ်ခွဲ၍ ‌ပေးသွင်းနိုင်ရန် စီစဉ်‌ဆောင်ရွက် ထားရှိပါသည်။
   
၃။ သို့ပါ၍ သတ်မှတ်ထား‌သော ‌နေ့ရက်ထက် မည်သည့်အ‌ကြောင်း‌ကြောင့်မျှ ‌နောက်ကျခြင်း မရှိဘဲ အပြည့်အဝ ‌ပေးသွင်းကြပါရန်နှင့် ပညာ‌ရေးဝန်‌ဆောင်စရိတ် ‌ပေးသွင်းရမည့်‌နေ့ရက် မတိုင်မီ ရက်သတ္တနှစ်ပတ်ကြိုတင်၍ အ‌ကြောင်းကြားစာ ‌ပေးပို့ခြင်းကို နားလည်ခွင့်လွှတ်‌ပေး ပါရန် ‌မေတ္တာရပ်ခံအပ်ပါသည်။