Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

 
‌ရဲ့ အစီအစဉ်

    ကျောင်းအပ်နှံခြင်း

  • ၁-၃-၂၀၁၅ နေ့မှစ၍ ပညာရေးဝန်ဆောင်စရိတ် (ပထမအရစ်) ပေးသွင်းပြီး ကျောင်းအပ်နှံနိုင်ကြပါသည်။

  • အဆောင်နေကျောင်းသူ၊ကျောင်းသားအားလုံး ၂၂-၃-၂၀၁၅ (တနင်္ဂနွေနေ့) တွင် အဆောင်သို့ ဝင်ရောက်ကြရပါမည်။
    ၂၂-၃-၂၀၁၅ ထက်စော၍ အဆောင်ဝင်ရောက်လိုသူများကိုလည်း ကြိုတင်ဝင်ရောက်ခွင့်ပြုပါသည်။

  • ပြင်ပမှ နေ့တက်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ၂၃-၃-၂၀၁၅ နေ့ နံနက် (၈း၀၀) နာရီအရောက် မိမိအစီအစဉ်ဖြင့် ကျောင်းသို့ လာရောက်ကြရပါမည်။ အဆိုပါနေ့ ညနေမှစ၍ ကျောင်းကြိုပို့ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးပါမည်။

  • အဆောင်သို့ဝင်ရောက်ခြင်း

  • ကျောင်းသူ၊ကျောင်းသားတစ်ဦးချင်းစီအတွက် ကုတင်တစ်လုံး၊ အဝတ်ဘီဒိုတစ်လုံး၊ စာအုပ်စင်တစ်ခုထားရှိပေးပါသည်။
    သို့ပါ၍ အဆောင်သို့လာရောက်ရာတွင် သေတ္တာမလိုပါ။ လိုအပ်သောပစ္စည်းများကို အိတ်များဖြင့်သာ ယူဆောင်လာနိုင်ကြပါသည်။

  • အိပ်ခန်း၊ စာသင်ခန်းအားလုံး Air con ခန်းများဖြစ်သည့်အတွက် ခြင်ထောင်မလိုအပ်သော်လည်း ယူဆောင်အသုံးပြုခွင့် ရှိပါသည်။ စောင်၊ ခေါင်းအုံး၊ အိပ်ယာခင်း အနည်းဆုံး (၂)စုံ မဖြစ်မနေ ယူဆောင်လာရပါမည်။ မွေ့ယာထက် ဂွမ်းကပ်ကပို၍ အဆင်ပြေပါသည်။

  • မျက်နှာသုတ်ပဝါ၊ ရေလဲထည်၊ ရေဖလား၊ ကိုယ်တိုက်ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ စသည်တစ်ကိုရေ အသုံးအဆောင်များ အင်္ကျီချိတ်များ၊ ဘောင်းဘီချိန်များ ယူဆောင်လာခဲ့ရပါမည်။ ယူဆောင်လာခဲ့ရပါမည်။

  • မိမိပုံမှန်သောက်သုံးနေရသော အနောက်တိုင်းဆေး၊ မြန်မာဆေး စသည်တို့ကို ယူဆောင်လာနိုင်ပါသည်။ ဥပဒေ နှင့် ငြိစွန်းသော တားမြစ်ဆေးများ၊ မူးယစ်ဆေးဝါးများ လုံးဝ (လုံးဝ) ယူဆောင်လာခွင့်မပြုပါ။ အရေးပေါ်ဆေးဝါးများ ယူဆောင်လာရန် မလိုအပ်ပါ။ ကျောင်းဆေးခန်းမှ တာဝန်ယူ စမ်းသပ်ကုသပေးပါမည်။ မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့် သင်ကြားရေး ဆေးရုံကြီး၊ ပုဂ္ဂလိက အထူးကုဆေးရုံများ၊ ဆေးခန်းများ အနီးပတ်ဝန်းကျင်တွင် ရှိနေသည့်အတွက် (၂၄) နာရီကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ပါသည်။ မိမိအစီအစဉ်ဖြင့် ဆေးဝါးကုသလိုပါကလည်း ကူညီစီစဉ်ဆောင်ရွက်ပေးပါသည်။ မိမိယူဆောင်လာသော ဆေးဝါးများကို အခြားကျောင်းသူ၊ ကျောင်းသား တစ်ဦးဦးအား မိမိသဘောဖြင့် တိုက်ကျွှေးခြင်းမပြုမိရန် အထူးဂရုပြု လိုက်နာကြရပါမည်။

  • ဝတ်စားဆင်ယင်မှု

  • ကျောင်းဝတ်စုံ၊ အဆောင်ဝတ်စုံ၊ အားကစားဝတ်စုံ၊ အခမ်းအနားဝတ်စုံ၊ ပြင်ပဝတ်ရန်သာမန်ဝတ်စုံများ လိုအပ်ပါသည်။

  • ACA မှသတ်မှတ်ထားသော ကျောင်းဝတ်စုံကို ကျောင်းတက်ရက်၊ ကျောင်းတက်ချိန်များတွင် မပျက်မကွက် ဝတ်ဆင် ကြရပါမည်။ ယောကျော်းလေးများအတွက် ဘောင်းဘီရှည်နှင့် မိန်းခလေးများအတွက် လုံချည် (သို့မဟုတ်) စကက်လုံချည်နက်ပြာရောင် (International) တို.ကို တို့ကိုဝတ်ဆင်ရပါမည်။ ပဉ္စမတန်းနှင့် ဆဌမတန်း ကျောင်းသူများ စကတ် (အရှည်) ဝတ်ဆင်ခွင့်ရှိပါသည်။ Sky Blue အရောင်တူညီဝတ်စုံ (အင်္ကျီ)အတွက် ACA မှ စီစဉ်ဆောင်ရွက်ပေးပါမည်။ ကုန်ကျစရိတ်ကို မိဘ/အုပ်ထိန်းသူက ကျခံပေးရပါမည်။

  • အဆောင်ဝတ်စုံ၊ အားကစားအတွက် တီရှပ်၊ စွပ်ကျယ်တို့ကို မှ ထုတ်ပေးပါမည်။ အားကစားအတွက်လိုအပ်သော ဘောင်းဘီရှည် (အဖြူ) ကင်းဘတ်အဖြူ တို့ကို က စီစဉ်ဆောင်ရွက်ပေးပါမည်။ ကုန်ကျစရိတ်ကို မိဘ/အုပ်ထိန်းသူက ကျခံပေးရပါမည်။


  • အခမ်းအနားများအတွက် မြန်မာဝတ်စုံ (၁) စုံ ယူဆောင်လာကြရပါမည်။

  • ပြင်ပထွက်သည့်အခါဝတ်ဆင်နိုင်ရန်အတွက်သင့်လျော်သောအဝတ်အစားများယူဆောင်လာရပါမည်။

  • အဝတ်အစားများကို မှတာဝန်ယူလျှော်ဖွပ်၊မီးပူတိုက်ပေးပါမည်။ မိမိအဝတ်အစားအတွက် ကိုယ်ပိုင်အမှတ်အသားများ၊ တိတိကျကျ မှတ်သားထားကြရပါမည်။ မိမိအဝတ်အစားကို ဂရုတစိုက်၊ စနစ်တကျထိန်းသိမ်းရန် မိမိတာဝန်ဟု မှတ်ယူကြရပါမည်။

  • ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများ

  • မိမိလက်ဝယ်တွင် ငွေသားကျပ်တစ်ထောင်ထက်ပို၍ ထားခွင့်မပြုပါ။ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ထံတွင် အပ်နှံထားရှိရပါမည်။ စာရင်းဇယားများ အတိအကျမှတ်တမ်းထားရှိပြီး မိဘ၊ အုပ်ထိန်းသူ၏ ခွင့်ပြုချက်ဘောင်အတွင်မှ ပုံမှန်နှင့် အရေးပေါ်ကိစ္စရပ်များအတွက် လိုအပ်သလောက်ကိုသာ ထုတ်ယူခွင့်ပြုပါမည်။ လက်ဝယ်ထားရှိ၍ ပျောင်ဆုံးမှု အတွက် မိမိတာဝန်သာ ဖြစ်ပါသည်။

  • အဖိုးတန် စိန်၊ ရွှေ ရတနာများ ဝတ်ဆင်ခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုရပါ။ လက်ကိုင်ဖုန်းများ၊ Tablet များ၊ i Pad များ၊ အသံဖမ်း၊ အသံလွှင့်စက်များ၊ ရေနွေးအိုး၊ ထမင်းအိုး၊ ပေါင်းအိုး၊ မီးပူ၊ ပန်ကာ စသည့်လျှပ်စစ် အသုံးအဆောင်ပစ္စည်းများ ယူဆောင်လာခွင့်မပြုပါ။

  • ကျောင်းသူ၊ ကျောင်းသားများနှင့် သက်ဆိုင်ခြင်းမရှိသော လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများ၊ ခဲတံချွန်ဓား၊ သစ်သီးလှီးဓား အပါအဝင် အန္တရယ်ဖြစ်စေနိုင်သော ပစ္စည်းကရိယာများ ယူဆောင်လာခွင့်၊ အသုံးပြုခွင့် မရှိပါ။

  • Lap Top ကွန်ပျုတာများ ယူဆောင်လာခွင့်၊ အသုံပြုခွင့် ရှိပါသည်။ သို့ရာတွင် မိမိလက်ဝယ်ထားရှိခွင့်မပြုပါ။ သက်ဆိုင်ရာ တာဝန်ရှိသူထံ အပ်နှံထားရှိခြင်း အသုံးပြုရန်လိုအပ်သည့်အချိန်တွင် စနစ်တကျထုတ်ပေးပါမည်။ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသုူများ၏ ကြီးကြပ်မှုအောက်တွင်သာ အသုံးပြုခွင့်ရှိပါသည်။ မိမိသဘောဆန္ဒအလျောက် လက်ဝယ်ထားရှိခြင်း စည်းကမ်းမဲ့အသုံးပြုခြင်းတို့ကို လုံးဝ (လုံးဝ) ခွင့်မပြုပါ။

  • ပညာရေးဝန်ဆောင် စရိတ်ပေးသွင်းခြင်း

  • ပညာရေးဝန်ဆောင်စရိတ်များကို သတ်မှတ်ထားသောကာလတွင် မပျက်မကွက် ပေးသွင်းကြရပါမည်။ ACA မှ သတ်မှတ်ထားသောကာလနှင့် မိမိပေးသွင်းလိုသောကာလကို ဘဏ္ဍာရေးအဖွဲ့နှင့် ညှိနှိုင်းပြီး သဘောတူဆုံးဖြတ် ဆောင်ရွက်နိုင်ကြပါသည်။

  • ပညာရေးဝန်ဆောင်စရိတ်များကို ကိုယ်တိုင်သော်လည်းကောင်း၊ ဘဏ်ငွေလွှဲစနစ်ဖြင့်
    လည်းကောင်း ပေးသွင်းနိုင်ကြပါသည်။
  • (က) ကိုယ်တိုင်ပေးသွင်းသည့်အခါ ACA မှထုတ်ပေးထားသော ငွေသွင်းမှတ်တမ်းကတ်ပြားကို တစ်ပါတည်း ယူဆောင်လာရပါမည်။ ငွေလက်ခံရရှိကြောင်း မှတ်တမ်းရေးသွင်းပြီးနောက် ACA မှ သက်ဆိုင်ရာတာဝန်ရှိသူက လက်မှတ် ရေးထိုးပေးပါမည်။ အလားတူပင် ACA ၏လက်ခံမှတ်တမ်းကတ်ပြားတွင်လည်း သက်ဆိုင်ရာ ငွေပေးသွင်းသူက လက်မှတ်ရေး ထိုးပေးရပါမည်။

    (ခ) ဘဏ်ငွေလွှဲစနစ်ဖြင့် ပေးသွင်းသည့်အခါ မြောက်ဥက္ကလာပမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ နှင့် ဧရာဝတီဘဏ်ခွဲ စသည့်ပုဂ္ဂလိကဘဏ်များအပါအဝင် ရန်ကုန်မြို့ရှိ အခြားသော ပုဂ္ဂလိကဘဏ်များသို့လည်းကောင်း ငွေလွှဲပေးပို့နိုင်ကြပါသည်။

    (ဂ) မြောက်ဥက္ကလာပမြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ ငွေလွှဲပေးပို့ပါက အုပ်ချုပ်ရေးမှူး ဦးသစ်လွင် (နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ၁၂/ဥကမ(နိုင်)၁၁၂၃၈၆) အမည်ဖြင့် ပေးပို့ကြရပါမည်။ဆက်သွယ်ရမည့်ဖုန်းနံပါတ်များမှာ ၆၉၁၁၂၃၊၊ ၆၉၂၁၇၄ နှင့် ၀၉၅၀၅၇၀၇၁ တို့ဖြစ်ကြပါသည်။

    (ဃ) ပုဂ္ဂလိကဘဏ်များသို့ ငွေလွှဲပို့မည်ဆိုပါက အုပ်ချုပ်ရေးမှူး ဒေါ်ညိုညိုဝင်း
    (၁၀/မဒန(နိုင်)၀၂၆၃၈၀) အမည်ဖြင့် ပေးပို့နိုင်ကြပါသည်။

    (င) ဘဏ်ငွေလွှဲစနစ်ဖြင့် ငွေပေးသွင်းသူများသည် မိမိလက်ဝယ်ရှိ ငွေသွင်းမှတ်တမ်းကတ်ပြားတွင် ACA မှ တာဝန်ရှိသူ၏ ငွေလက်ခံရရှိကြောင်းမှတ်တမ်းနှင့် လက်မှတ်ကို ရယူထားရန် လိုအပ်ပါမည်။


    စည်းကမ်းလိုက်နာခြင်း

  • ACA တွင် စည်းကမ်းအလွန်တင်းကြပ်ပါသည်။ ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်း၊ စာသင်ခန်းစည်းကမ်း၊ ကျောင်း/အဆောင်ပြင်ပတွင် လိုက်နာရမည့်စည်းကမ်း၊ ကျောင်း/အဆောင်မှ ချက်ချင်းထုတ်ပယ်နိုင်သည့်စည်းကမ်း စသည်ဖြင့် အတိအကျသတ်မှတ်ပြဌာန်းထားရှိပါသည်။ စည်းကမ်းကို အတင်းအာကြပ်လိုက်နာစေခြင်းတက် မိမိကိုယ်ကို တန်ဖိုးထားပြီး အသိစိတ်ဓာတ်ဖြင့် လိုက်နာတက်အောင် လေ့ကျင့်ပျိုးထောင်ပေးပါသည်။

  • ဧည့်တွေ့ခြင်းနှင့် ပြင်ပထွက်ခွာခြင်း

  • အပတ်စဉ် တနင်္လာမှ စနေနေ့များတွင် နေ့လယ်(၁၂)နာရီမှ မွန်လွဲ(၂)နာရီအထိနှင့် အရေးပေါ်အခြေအနေတွင် ညနေ(၆)နာရီမှ (၇)နာရီကို ဧည့်တွေ့ချိန်အဖြစ် သတ်မှတ်ထားပါသည်။ ကိုယ်တိုင်လာရောက်တွေ့ဆုံခွင့်နှင့် တယ်လီဖုန်းဆက်သွယ်ခွင့်ရှိပါသည်။

  • အပတ်စဉ် တနင်္ဂနွေနေ့ နံနက်(၆)နာရီမှ မွန်းလွဲ (၁)နာရီအထိ ဧည့်တွေ.ချန်အဖြစ် သတ်မှတ်ထားပါသည်။ ကိုယ်တိုင်လာရောက်တွေ့ဆုံခွင့်၊ တယ်လီဖုန်းဆက်သွယ်ခွင့်နှင့် ပြင်ပသို့ ခေါ်ဆောင်ခွင့်ရှိပါသည်။

  • မိဘ၊ အုပ်ထိန်းသူကိုယ်တိုင် ကျောင်းဝင်ခွင့်လျှောက်လွှာပုံစံတွင် အဆိုပြုရေးသွင်း၍ ခွင့်ပြုထားသူများကိုသာ လာရောက်တွေ့ဆုံခွင့်၊ တယ်လီဖုန်းဆက်သွယ်ခွင့်နှင့် ပြင်ပသို.ခေါ်ဆောင်ခွင့်ပြုပါမည်။

  • ယာဉ်ရပ်နားခြင်း

  • ကျောင်းအပ်နှံသည့်နေ့တွင် ယာဉ်ဝင်ခွင့်ကတ်ပြား (၂) ခုထုတ်ပေးပါမည်။ မိမိစီးနင်းလိုက်ပါလာသည့် ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) အငှားယာဉ်များနှင့်အတူ ယာဉ်ဝင်ခွင့်ကတ်ပြားများ ယူဆောင်ပါရှိရပါမည်။ ယာဉ်အားလုံး ACA မုဒိတာရင်ပြင် အတွင်းရှိ ယာဉ်ရပ်နားရန် နေရာတွင်သာ ရပ်နာကြရပါမည်။ ရုံးချုပ်နှင့် အမျိုးသမီးဆောင်များသို့ လာရောက်သူများသည် သက်ဆိုင်ရာအဆောက်အအုံများရှေ့တွင် ခေတ္တရပ်နား၍ လူဆင်းပြီးသည်နှင့် ယာဉ်ကို ယာဉ်ရပ်နားကွင်းအတွင်းသို့ မောင်းနှင်းရပ်နား၍ စောင့်ဆိုင်းရပါမည်။ လိုအပ်လျှင် လုံခြုံရေးဝန်ထမ်းများက ဆက်သွယ်ခေါ်ယူပေးကြမည်ဖြစ်ပါသည်။

  • ကျောင်းပိတ်ရပ်များ

  • ACA တွင် ကျောင်းပိတ်ရက်အနည်းဆုံး၊ သင်ကြားလေ့ကျင့်ချိန်အများဆုံးမူကို ကျင့်သုံးပါသည်။

  • ၁၂-၄-၂၀၁၅ (တနင်္ဂနွေနေ့) မှ ၁၇-၄-၂၀၁၅ (သောကြာနေ့) အထိ သင်္ကြန်ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပါသည်။
    ၁၁-၄-၂၀၁၅ (စနေနေ့) နံနက်မှ စတင်၍ အဆောင်မှထွက်ခွာခွင့်ပြုပါမည်။ ၁၉-၄-၂၀၁၅ (တနင်္ဂနွေနေ့) ထက်မည်သည့် အကြောင်းကြောင့်မျှ နောက်ကျခြင်းမရှိဘဲ အဆောင်သို့ (မပျက်မကွက်) ပြန်လည်ဝင်ရောက်ကြရပါမည်။

  • သီတင်းကျွတ်ကျောင်းပိတ်ရက်အပါအဝင် အခြားကျောင်းပိတ်ရက်များကို အခါအားလျော်စွာ အချိန်မီ ထုတ်ပြန်ပေးပါမည်။

  • ဆက်သွယ်ရမည့်လိပ်စာနှင့်ဖုန်းနံပါတ်များ

  • ရုံးချုပ် - အမှတ် (၁၄၀)၊ ဥက္ကာ(၅) လမ်း၊ ဂ/ရပ်ကွက်၊ ဆေးတက္ကသိုလ်(၂)ရှေ့၊ မြောက်ဥက္ကလာပမြို့နယ်။ စုံစမ်းရန် - ဖုန်း - ၆၉၂၁၇၄ (၂၄နာရီတာဝန်မှူး)
  • Fax : 9699518

    Website:http//www.aca-educentre.com


  • အမျိုးသမီးဆောင်
  • (၁) အမှတ် ၁၃၄(က)၊ ဥက္ကာ(၅)လမ်း၊ ဂ/ရပ်ကွက်၊ ဆေး(၂)ရှေ့၊ မြောက်ဥက္ကလာပမြို့။

    (၂) အမှတ် ၁၃၄(ခ)၊ ဥက္ကာ(၅)လမ်း၊ ဂ/ရပ်ကွက်၊ ဆေး(၂)ရှေ့၊ မြောက်ဥက္ကလာပမြို့။

    (၃) အမှတ် ၁၃၃(က)၊ ဥက္ကာ(၅)လမ်း၊ ဂ/ရပ်ကွက်၊ ဆေး(၂)ရှေ့၊ မြောက်ဥက္ကလာပမြို့။

    ဖုန်း - ၉၆၉၉၅၁၁၊ ၆၉၁၄၁၁၊ ၆၉၁၁၉၁၊ ၀၉-၇၉၉ ၄၇၈ ၀၃၈၊ ၀၉-၇၉၉ ၄၇၈ ၀၄၉၊
    ၀၉-၇၉ ၄၇၈ ၀၅၁


  • အမျိုးသားဆောင်
  • ခြံအမှတ် ၃၂၇/၁၊ မုဒိတာရင်ပြင်၊ ဥက္ကာ(၅)လမ်း၊ ဂ/ရပ်ကွက်၊ဆေး(၂)ရှေ့၊ မြောက်ဥက္ကလာပမြို့။

    ဖုန်း - ၉၆၉၉၅၁၈၊ ၆၉၁၁၉၉၊ ၆၉၁၉၆၉၊ ၀၉-၇၉၉ ၄၆၃ ၂၀၆၊ ၀၉-၇၉၉ ၄၆၃ ၂၄၄၊
    ၀၉-၇၉၉ ၄၆၃ ၂၅၅


  • အကြံပေးအဖွဲ့ - ဖုန်း - ၆၉၁၁၂၃

  • ကျောင်းအုပ်ကြီး - ဖုန်း - ၆၉၁၉၇၉၊ ၊ ၀၉ ၇၃၂၄၂၆၈၇
  • E-mail:mssaca123@gmail.com


  • အုပ်ချုပ်ရေးမှူး (စီမံ/ဘဏ္ဍာ) - ဖုန်း - ၆၉၁၁၂၃၊ ၀၉ ၅၀၅ ၇၀၇၁

  • အုပ်ချုပ်ရေးမှူး (ပညာ) - ဖုန်း - ၆၉၂၁၇၄၊ ၀၉ ၇၃၀၁၉၄၇၇

  • အုပ်ချုပ်ရေးမှူး (ကျောင်းသားရေးရာ-၁) - ဖုန်း -၆၉၁၁၉၉၊ ၀၉ ၅၀၁၂၇၁၃

  • အုပ်ချုပ်ရေးမှူး (ကျောင်းသားရေးရ-၂) - ဖုန်း - ၆၉၁၄၁၁၊ ၀၉၄၂၀၇၀၇၆၆၀

စိတ်ဓါတ်‌ပျော့ညံ့သူများအတွက် မှာ ‌နေရာမရှိပါ