Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

 
‌ကျောင်းအုပ်ကြီး၏ သ‌ဘောထား
  • ကို ဘယ်အချိန်က စတင်တည်ထောင်ခဲ့ပါသလဲ။
    ကို ၁၉၈၃ မှ စပြီး တည်ထောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ၂၅ နှစ် (ငွေရတု)ပြည့်ပါတယ်။

  • ရဲ့ဝန်ဆောင်မှု နဲ့ အောင်မြင်မှုတွေကို သိပါရစေ။
    မှာ ပဉ္စမတန်း ကနေ တက္ကသိုလ် ဝင်တန်းအထိ လက်ခံပါတယ်။ အခြေခံပညာကျောင်းတွေမှာ သင်ကြားပြီးခဲ့တဲ့ ကျောင်းသင်ခန်းစာတွေက်ု ကျေညက်ပိုင် နိုင်သည်အထိအကြိမ်ကြိမ်လေ့ကျင့်ပေးပါတယ်။ လေ့ကျင့်ရေးကို အထူးဦးစားပေးပါတယ်။ အောင်မြင်မှု အနေနဲက အောင်ချက်ရာခိုင်နှုန်း ၉၀% အထက်ရှိပြီး တက္ကသိုလ်ဝင်တန်းမှဦ ဘာသာစုံ ဂုဏ်ထူးရှင်အပါအဝင် ဂုဏ်ထူးရှင်အမြောက်အများ ပေါ်ထွန်းပါတယ်။

  • ဆရာတို့ရဲ့ မှာ ကျောင်းသား၊ ကျောင်းသူတွေတရားထိုင်တာကိုတွေ့ရတယ်။ အဲဒီလိုတရားထိုင်တဲ့အတွက် ကလေးတွေမှာ ဘယ်လိုအကျိုးရလာဒ်တွေ ရရှိလာနိုင်တယ်ဆိုတာကို သိချင်ပါတယ်။
    ကျွန်တော်ရဲ့ အတွေ့အကြုံအရ နိုင်ငံခြားတိုင်းပြည်တွေဟာ ပြဿနာရဲ့ ဇစ်မြစ်ကို ရှာနိုင်တယ်။ ဒါပေမဲ့ ထွက်ပေါက်ကိုတော့ မရှာနိုင်ဘူး ဗုဒ္ဓ ဘာသာမှာ ပြဿနာရဲ့ ထွက်ပေါက်ရှိပါတယ်။ တရားထိုင်တာဟာ ထွက်ပေါက်ပါပဲ။ အခက်ခဲ တွေနဲ့တွေ့တဲ့အခါ စိတ်ဓါတ် အင်အားကောင်း ဖို့ အကောင်းဆုံးနည်းက Meditaiton ပဲ။ စိတ်ကို ငြိမ်အောင်ထားပြီး ပထမဆုံး သမာဓိရအောင် တည်ထောင်တယ်။ တည်ငြိမ်လာတဲ့အခါ စိတ်ကအေးချမ်းလာတယ်။ အဲဒီ့အခါ ဉာဏ်ကြည်လာပါတယ်။ ဉာဏ်ကြည်လာရင်စဉ်းစားတွေးခေါ်တဲ့အခါ ထိရောက်မှုရှိလာပြီး ကျောင်းသားဟာ စာကျက်လို့ကောင်းလာပါတယ်။ တရားထိုင်တဲ့အခါ ကလေးရဲ့စိတ်က သိမ်မွေ့လာပြီး ဆုံးမရတာပိုလွယ်လာတာကိုလည်း တွေ့ရပါတယ်။ ဘုရား တရားလုပ်ဖို့ စာမသင်ခင်နာရီဝက် အချိန်ယူပါတယ်။ ၁၅ မိနစ် ကိုရွတ်ဖတ် သရဇ္ဇာယ်ပြီး ၁၅ မိနစ်ကို အာနာပါန ရှုမှတ်စေပါတယ်။

  • ဆောင်ပုဒ်ဖြစ်တဲ့ စိတ်ဓါတ်ပျော့ညံ့သူများအတွက် မှာ နေရာမရှိဘူးဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
    အဲဒီဆောင်ပုဒ်က ဆိုတဲ့ စာလုံးကို ဖယ်ပြီးဖတ်ကြည့်လိုက်ရင် စိတ်ဓါတ်ပျော့ညံ့ တဲ့လူတွေအတွက် ဘယ်မှာမှ နေရာမရှိဆိုတာကို တွေ့ရပါလိမ့်မယ်ကျွန်တော့အတွေ့အကြုံနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကာလ တွေအရ လူတွေ ရပ်တည်နေကြတာဟာ စိတ်ဓါတ်ခွန်အားနဲ့ပါ။ စိတ်ဓါတ်မခိုင်မာရင် ဘယ်နေရာမှာမှ မအောင်မြင်နိုင်ပါဘူး။ အနိုင်ကျင့်ခံ၊ နင်းချေခံရတတ်ပါတယ်။ စိတ်ဓါတ် ပျော့ညံ့ တဲ့လူကို မာအောင်လုပ်ပေးတာထက် ခိုင်မာတဲ့ လူကို ထူးချွန်အောင် လုပ်ဖို့က ကျွန်တော့ရည်ရွယ်ချက်ပါ။

  • ဟာ ကျောင်းသားတစ်​ေယာက်ရဲ့ ကျေနပ်မှုနဲ့ မိဘရဲ့ကျေနပ်မှု ဘယ်ဟာကို ပိုအလေးထားပါသလဲ။
    မိဘရဲ့ကျေနပါမှု ကို ဦးစားပေးပါတယ်။ မိဘဆိုတာ ကိုယ့်သားသမီးကို ကိုယ့်မျက်စိအောက်မှာပဲ ထားချင်ကြတာပါ။ ဘယ်မိဘမှ ကိုယ့်သားသမီးကို သူများဆီမှာ လွယ်လွယ်မအပ်ချင်ကြပါဘူး။ ကိုယ့်ဆီမှာ လာအပ်ပြီ ဆိုကတည်းကယုံကြည်လွန်းလို့ လာအပ်တာ။ အဲဒီယုံကြည်မှုကို မဖောက်ဖျက်ရဘူး။ မိဘနဲ့ မခြား ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက်ရပါမယ။ ကိုယ့်အလုပ်ရှင်မိဘ တွေက သားသမီးအတွက် စိတ်ချသွားတာ၊ စိတ်အေးချမ်းသာသွားတာကိုပဲ လိုချင်ပါတယ်။

  • 22nd May, 2007 အမှတ်(၁၃) Action ဂျာနယ်
    Person in Action ကဏ္ဍမှ ‌ကောက်နှုတ်ချက်